မဇ္ဈိမရဲ့ ရုပ်သံမှတ်တမ်းအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ကတော့ သတင်းမှတ်တမ်းတွေနဲ့ အခြားစိတ်ဝင်စားစရာအဖြစ်အပျက်အကြောင်းအရာတွေကို မှတ်တမ်းရုပ်သံအဖြစ် ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ အခုဒီအစီအစဉ်ကနေ တင်ပြပေကးချင်တာက အစိုးရသစ်က ဖြစ်မြောက်အကောင်အထည်ချင်နေတဲ့ E-Government, ဒီဂျစ်တယ်အစိုးရ၀န်ဆောင်မှုစနစ်အကြောင်းပါ။ E-Government, ဒီဂျစ်တယ်အစိုးရဆိုတာက ၀န်ကြီးဌာနများရဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေဟာ ဒီဂျစ်တယ်စနစ်လို လျင်မြန်စေမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ အချိန်ချွေတာ၊ ငွေသက်သာစေသည့် စနစ်ဖြစ်သည်ဟု အလွယ်တကူ သိမှတ်ထားဖို့လိုသည်။ ဒါကိုတော့ အရင်စစ်အစိုးရလက်ထက်ကတည်းက အသက်သွင်းဖို့ ရှိခဲ့တာဆိုပေမယ့် မှုဝါဒပိုင်း၊ သိရှိနားလည်မှု၊ အာရုံစိုက်မှု၊ နည်းပညာ ...ငွေကြေးအသုံးစားရိတ်ဆိုတာတွေက ဒီစနစ် ပုံစံပေါ်လာဖို့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေဖြစ်ခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ ပြည်တွင်း၊ပြည်ပ ICT ..ကွန်ပြူတာလုပ်ငန်းရှင်တွေက ဒီစနစ် ပီပြင်လာစေဖို့နဲ့ ဆက်လက်အကောင်အထည်ဖော်ဖို့ အစိုးရကို တိုက်တွန်းထားသလို သီးသန့်ဘတ်ဂျက်အသုံးစားရိတ်တွေကို ပြဌာန်းနိုင်အောင် တောင်းဆိုနေကြတာတွေလည်း ရှိပါတယ်။ ကိုအောင်သူရက တင်ဆက်ထားပါတယ်။