ဒီတစ်ပတ် တင်ပြပေးမယ့် သတင်းတွေကတော့ ဆီးဂိမ်းပြိုင်ပွဲမှာ လက်ခံကျင်းပမယ့် ဘောလုံးပွဲစဉ်တွေအတွက် ရန်ကုန်မြို့မှာရှိတဲ့ ဘောလုံးကွင်းတွေကို ပြင်ဆင်မယ်ဆိုတဲ့သတင်း၊ ဆီးဂိမ်းအတွက် အထောက်အကူဖြစ်စေဖို့ ဖွဲ့စည်းလိုက်ပြီဖြစ်တဲ့ ယူ-၂၃ (ခ) အသင်းအကြောင်း၊ ဆီးဂိမ်းပြိုင်ပွဲမှာ ရွှေတံဆိပ် ခြောက်ခုအထိ ရယူဖို့ ရည်မှန်းထားတဲ့ ရိုးရာခြင်းလုံး စတဲ့သတင်းတွေအပြင် နိုင်ငံတကာ အားကစားသတင်းတွေကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။
MRTV နှင့် Mizzima Media တို့ ပူးပေါင်းထုတ်လုပ်ပါသည်။