မူပိုင်ခွင့်ဥပဒေ အသက်ဝင်လာပါက ART ဆေးဝါးတွေ ဈေးအလွန်ကြီးသွားနိုင်
************************
တီထွင်မူ မူပိုင်ခွင့်ဥပဒေကို အတည်ပြုလိုက်ပါက HIV/AIDS နှင့် နေထိုင်သူများအတွက် ART ဆေးများ ဈေးအလွန်ကြီးမြင့်မှု ဖြစ်သွားနိုင်သဖြင့် စိုးရိမ်ကြောင်း လူ့အခွင့်အရေးကဏ္ဍနှင့် အိတ်ချ်အိုင်ဗွီရောဂါ ကျဆင်းရေးလုပ်ငန်းများကို လုပ်ကိုင်နေသည့် အဖွဲ့တစ်ခုက ပြောဆိုလိုက်သည်။
"တီထွင်ထားတဲ့သူက နှစ်ပေါင်းနှစ်ဆယ် မူပိုင်ခွင့်ရှိတယ်။ မူပိုင်ခွင့်ရှိတယ်ဆိုတဲ့သဘောက အဲ့ဒါတွေ အကုန် လုံးကို ရောင်းဝယ်တာ ဖောက်ကားတာ ဈေးနှုန်းသတ်မှတ်တာကအစ သူသတ်မှတ်လို့ရတယ်ပေါ့။ အဲ့အတွက် ကြောင့်မို့လို့ မူပိုင်ခွင့်ဥပဒေအကျုံးဝင်လာပြီဆိုရင် ဆေးဝါးတွေပါပါလာတာပေါ့နော်။ကွန်ပျူတာတို့ ဖုန်းတို့အပြင် ဆေးဝါးတွေပါ ပါလာပြီ။ အဲ့ဆေးဝါးတွေအတွက်ကို စိတ်ပူတာပေါ့။"ဟု မဟာမိတ် ကျန်းမာရေး စောင့် ရှောက်မှုအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာစိုးနိုင်က ပြောသည်။
သတင်းအပြည့်စုံ - http://www.mizzimaburmese.com/article/63485
ရိုက်ကူး/တည်းဖြတ် - လာဘ်ရတနာဗိုလ်
(zawgyi)
မူပိုင္ခြင့္ဥပေဒ အသက္ဝင္လာပါက ART ေဆးဝါးေတြ ေဈးအလြန္ႀကီးသြားႏိုင္
************************
တီထြင္မူ မူပိုင္ခြင့္ဥပေဒကို အတည္ျပဳလိုက္ပါက HIV/AIDS ႏွင့္ ေနထိုင္သူမ်ားအတြက္ ART ေဆးမ်ား ေဈးအလြန္ႀကီးျမင့္မႈ ျဖစ္သြားႏိုင္သျဖင့္ စိုးရိမ္ေၾကာင္း လူ႔အခြင့္အေရးက႑ႏွင့္ အိတ္ခ်္အိုင္ဗြီေရာဂါ က်ဆင္းေရးလုပ္ငန္းမ်ားကို လုပ္ကိုင္ေနသည့္ အဖြဲ႕တစ္ခုက ေျပာဆိုလိုက္သည္။
"တီထြင္ထားတဲ့သူက ႏွစ္ေပါင္းႏွစ္ဆယ္ မူပိုင္ခြင့္ရွိတယ္။ မူပိုင္ခြင့္ရွိတယ္ဆိုတဲ့သေဘာက အဲ့ဒါေတြ အကုန္ လုံးကို ေရာင္းဝယ္တာ ေဖာက္ကားတာ ေဈးႏႈန္းသတ္မွတ္တာကအစ သူသတ္မွတ္လို႔ရတယ္ေပါ့။ အဲ့အတြက္ ေၾကာင့္မို႔လို႔ မူပိုင္ခြင့္ဥပေဒအက်ဳံးဝင္လာၿပီဆိုရင္ ေဆးဝါးေတြပါပါလာတာေပါ့ေနာ္။ကြန္ပ်ဴတာတို႔ ဖုန္းတို႔အျပင္ ေဆးဝါးေတြပါ ပါလာၿပီ။ အဲ့ေဆးဝါးေတြအတြက္ကို စိတ္ပူတာေပါ့။"ဟု မဟာမိတ္ က်န္းမာေရး ေစာင့္ ေရွာက္မႈအဖြဲ႕၏ အမႈေဆာင္ဒါ႐ိုက္တာ ေဒါက္တာစိုးႏိုင္က ေျပာသည္။
သတင္းအျပည့္စုံ - http://www.mizzimaburmese.com/article/63485
႐ိုက္ကူး/တည္းျဖတ္ - လာဘ္ရတနာဗိုလ္